ရန်ကုန်တိုင်းဒေသကြီးတွင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ တရားမျှတမှု လက်လှမ်းမီရေးနှင့် သမားရိုးကျမဟုတ်သော တရားရေး စနစ်များကို သုတေသနပြုမှု
ရန်ကုန်တိုင်းဒေသကြီးတွင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ တရားမျှတမှု လက်လှမ်းမီရေးနှင့် သမားရိုးကျမဟုတ်သော တရားရေး စနစ်များကို သုတေသနပြုမှု
2017- December 21
UNDP Myanmar commissioned a research study on access to justice and informal justice systems in Myanmar in Rakhine State, Kachin State, Shan State and Yangon Region.
This report summaries the data collected from Yangon.
The research was conducted in four urban townships in Yangon. Unlike the study in Rakhine, Kachin and Shan States, the Yangon study took only a quantitative approach, using the same structured interview questionnaire administered at the household level in Rakhine, Kachin and Shan.
Given the specific selection of study sites and respondents, the findings describe only the study sample. Statistically significant comparisons cannot be made among research respondents, and the findings cannot be generalized to any wider population.
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်သည် သမားရိုးကျမဟုတ်သော တရားမျှတမှုစနစ်များကို ထင်ရှားစွာနှင့် သီးခြားလုပ်ကိုင်နေသည့် နေရာများ ဖြစ်သည့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးများတွင် တရားစီရင်ရေးနှင့် သမားရိုးကျမဟုတ်သော တရားရေး စနစ်များကို ထိတွေ့ဆက်ဆံခွင့်ရမှုများနှင့် ပတ်သက်၍ ရွေးချယ်လုပ်ဆောင်ခဲ့သည်။
ဤအစီရင်ခံစာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကောက်ခံရရှိသည့် သတင်းအချက်အလက်များကို အကျဉ်း ချုပ်ဖော်ပြထားသည်။
ဤသုတေသနကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူနေထူထပ်ပြီး မြို့ပြအနေနှင့် အချက်အချာကျသည့် မြို့နယ် (၄)ခုတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်၊ ကချငပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လုပ်ဆောင်ခဲ့ သည့် လေ့လာမှုများနှင့် မတူဘဲ ရန်ကုန်တိုင်းဒေသကြီးတွင် အရေအတွက်ကို အခြေပြုလုပ်ကိုင်သည့် သုတေသနကို လုပ်ဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ အိမ်ထောင်စုများတွင် မေးမြန်းခဲ့သည့် အင်တာဗျူးမေးခွန်းများကို အသုံးပြုပြီး သုတေသနလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
လေ့လာမှုပြုရာနေရာနှင့် ဖြေကြားသူများကို သီးခြားရွေးချယ်မှုများ ရှိခဲ့ပြီး ရှာဖွေတွေ့ရှိမှုများတွင် လေ့လာမှု နမူနာများကိုသာ ဖော်ပြထားသည်။ ကိန်းဂဏန်းများအရ သိသာထင်ရှားသည့် နှိုင်းယှဉ်မှုများကို အင်တာဗျူး ဖြေကြားသူများ အချင်းချင်းကြားတွင် လုပ်ဆောင်နိုင်မှု မရှိသည့်အပြင် ရှာဖွေတွေ့ရှိမှုများကို ထို့ထက်ကျယ်ပြန့် သည့် လူဦးရေအတွက်လည်း ယေဘုယျပြု အသုံးမပြုနိုင်ပေ။