လမ်းပျောက်ပြီးမှ လမ်းစတွေ့သူ: ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု မြန်မာနိုင်ငံအပူပိုင်းဒေသတွင် သောက်သုံးရေ နှင့် စားနပ်ရိက္ခာဖူလုံ‌ရေးတိုးမြှင့်ပေးလျက်ရှိ

2019- ဖေဖေါ်ဝါရီလ 19


မြန်မာနိုင်ငံအပူပိုင်းဒေသရှိ အသက် ၃၂ နှစ်အရွယ် တောင်သူ ဒေါ်ဝင်းမေမှာ လွန်ခဲ့သည့် ၅ နှစ်လုံးလုံး မိသားစုပိုင်ယာမြေကို ထွန်ယက်စိုက်ပျိုးခဲ့သည်။ မြင်းခြံမြို့နယ် ကျောက်က္ကံရွာတွင် နေထိုင်သော သူမ၏မိသားစုမှာ မိရိုးဖလာ တသီးစားစနစ်ကို အသုံးပြု၍ ပင်ပြန့်မြေပဲကို အဓိကထားစိုက်ပျိုးသည်။

ပင်ပြန့်မြေပဲသည် (leguminous) ပဲမျိုးရင်းဝင် အပင်အမျိုးအစားဖြစ်ပြီး လူသိများသည့် ၎င်းနှင့်အနီးစပ်ဆုံး မျိုးမှာ ပင်ထောင်မြေပဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ၀.၇ သန်း ဟက်တာ စိုက်ပျိုးပြီး စားသုံးဆီအဖြစ်သာမက နိုင်ငံအတွက် ရိက္ခာသီးနှံအဖြစ်ပါ အရေးပါသည်။  မြန်မာနိုင်ငံရှိ လုပ်ကွက်ငယ်တောင်သူလယ်သမား ထောင်ပေါင်းများစွာမှာ မိသားစုရိက္ခာအပြင် ဝင်ငွေရသီးနှံအနေဖြင့်ပါ စိုက်ပျိုးသည်။

အမျိုးသမီးတောင်သူမှာ ဒေါ်ဝင်းမေ တဦးတည်းမဟုတ်ပေ - အာရှတိုက်၏ စားနပ်ရိက္ခာ တဝက်ကို အမျိုးသမီးများက စိုက်ပျိုးကြခြင်းဖြစ်သည်(link is external) ဟု FAO က ခန့်မှန်းထားသည်။  
 

“ဝင်ငွေတိုးဖို့ ဘယ်လိုမှ မကြံစည်တတ်တော့လို့ လမ်းစပျောက်ပြီး စိုက်ပျိုးရေးကို လက်လျော့လိုက်တော့မလို့ စဉ်းစားခဲ့ဖူးတယ်။” ဟု ဒေါ်ဝင်းမေ က ပြောသည်။

မေ အတွက် စိန်ခေါ်မှုမှာ မြန်မာပြည်အပူပိုင်းဒေသသည် ရာသီဥတုအကဲဆတ်ပြီး သဘာဝသယံဇာတရှားပါးသော ဒေသများအနက် တခုဖြစ်သည်။  

အပူပိုင်းဒေသသည် စတုရန်းကီလိုမီတာ ၅၄၃၉၀ နီးပါးကို ဖုံးလွှမ်းလျက်ရှိပြီး နိုင်ငံကုန်းမြေ ဧရိယာစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းနီးပါးရှိသည်။

လူဦးရေ ၁၈ သန်းမှာ နိုင်ငံ့လူဦးရေစုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းနှင့် ညီသည်။ သို့ဖြစ်၍ တတိယမြောက် လူအထူထပ်ဆုံးသောတိုင်းဒေသကြီးဖြစ်သည်။

အပူပိုင်းဒေသတခွင်၌ ရေရှားပါးပြီး သဘာဝပေါက်ပင်ဖုံးလွှမ်းမှု ပါးလျားကာ မြေတိုက်စားမှု ပြင်းထန်သောကြောင့် မြေဆီလွှာ အရည်အသွေးနိမ့်သည်။

စိုက်ကွက်ရှာခြင်း

အပူချိန်မြင့်တက်လာသည်နှင့်အမျှ ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံအနှံ့ မိုးခေါင်ရေရှားမှုနှင့် သောက်သုံးရေရှားပါးမှု တိုးလာသည်။

(၅၀၈-၁၁၀၆ မီလီမီတာ) နှစ်စဉ်မိုးရေချိန်နည်းပါးပြီး အတက်အကျမမှန်ဘဲ ရွာသွန်းမှုမှာလည်း မညီမျှပေ။ မြေပြင်မှာ ပြန့်ပြူးမှုမရှိဘဲ သဲဖုံးလွှမ်းပြီး သီးနှံဖြစ်ထွန်းမှု နည်းပါးကာ အပူပိုင်းဒေသ၏ မိုးရွာသွန်းမှုပုံမှန်မဟုတ်ခြင်း ၊ လေပြင်းတိုက်ခြင်းနှင့် မြင့်မားသောအပူချိန်ကြောင့်လည်း မြေတိုက်စားမှု ပြင်းပြင်းထန်ထန်ဖြစ်ပေါ်သည်။

လွန်ကဲသည့်အပူချိန် နှင့် မိုးရေချိန်မညီမျှမှု သိသိသာသာတိုးလာခြင်းကြောင့် စားနပ်ရိက္ခာဖူလုံမှု လျော့ကျပြီး သဘာဝပတ်ဝန်းကျင်အရည်အသွေးလျော့ကျမှု ဆိုးရွားလာသည်။

ရာသီဥတုပြောင်းလဲမှု၏ ထိခိုက်မှုအကျိုးဆက်များအား ရင်ဆိုင်ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံအပူပိုင်းဒေသရှိ ကျေးရွာလူထုအား အကူအညီပေးခြင်းဖြင့် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ကြီးဌာနနှင့်အတူ UNDP က လိုက်လျောညီထွေရန်ပုံငွေ အဖွဲ့ (Adaptation Fund) ၏ ဘဏ္ဍာငွေအထောက်အပံ့ဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့သည်။ “မြန်မာပြည်အပူပိုင်းဒေသရှိ ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ ဘေးအန္တရာယ်အလားအလာများအား ဖြေရှင်းဆောင်ရွက်ခြင်း” (link is external) စီမံချက်သည် ဒေသခံလယ်သမားများ၏ ထိခိုက်ခံရလွယ်မှုအခြေအနေကို လျော့ချရန်  လူထုအခြေပြု သဘာဝသယံဇာတစီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုကို အားပေးတိုက်တွန်းလျက်ရှိသည်။
 

“I was so lost and even thinking of giving up farming because I did not know how to do better and enhance my income,” said May.

The challenge for May is that the Dry Zone is one of the most climate sensitive and natural resource poor regions in Myanmar. 

The Zone covers approximately 54,390km2, representing about 10% of the country’s total land area.

The population of 18 million constitute 34% of the country’s total population, making it the country’s third most densely populated region.

Across the Dry Zone, water is scarce, vegetation cover is thin, and soils are degraded due to severe erosion.

တူးမြောင်းအထက်ပိုင်းအား ပြင်ဆင်ပြီးနောက် တွေ့ရစဉ်။

ရေများများ + ပြုစုပျိုးထောင်ထားသော မြေဆီလွှာ
= သီးနှံဖြစ်ထွန်းသောမြေ

အတိအကျဆိုရလျှင် စီမံချက်၌ မြေဆီဩဇာအရည်အသွေးယုတ်လျော့သွားသော မြေ ၈၀၆၂ ဟက်တာနီးပါးကို ပြန်လည်ပြုပြင်/သစ်ပင်ပြန်လည်စိုက်ပျိုးခြင်း ပြုလုပ်ပြီး ရေစုပ်စက်ဖြင့် ရေတင်စနစ် (၇၀) ၊ အဝီစိရေတွင်း (၃၂) တွင်း ၊ မိုးရေသိုလှောင်နိုင်ရန် ကျေးရွာပိုင် မိုးရေလှောင်ကန် (၅၆) ကန် အပါအဝင် အငယ်စား သောက်သုံးရေစနစ်တို့ကို ပံ့ပိုးပေးပြီး ဖြစ်သည်။

ထို့ပြင် အများသုံးရေကန် (၁၃၆) ကန်ကိုလည်း အသစ်ပြန်လည်ပြုပြင်ပေးပြီး မြေဆီလွှာအရည်အသွေး မြှင့်တင်ခြင်း နှင့် သောက်သုံးရေထိန်းသိမ်းခြင်း နည်းပညာများအား လက်တွေ့သရုပ်ပြပေးခဲ့ရာ ယခုအခါ ၁၆၀၀ ဟက်တာ အကျယ်အဝန်းရှိ မြေပေါ်တွင် အသုံးပြုလျက်ရှိသည်။

ပူပြင်းခြောက်သွေ့သည့်ရာသီအတွင်း ရေရရှိနိုင်မှု တမဟုတ်ချင်းကောင်းမွန်လာသည့် အတွက် လယ်သမားများအနေဖြင့် ယခုအခါ စိုက်ကွက်များကို မြေလပ်အဖြစ်လှပ်ထားရန် မလိုအပ်တော့ဘဲ ဆက်လက်စိုက်ပျိုးနိုင်ကြပြီဖြစ်သည်။

“အခုတော့ ယာတကွက်တည်းကနေပဲ တခြားသီးနှံနှစ်မျိုး ထပ်တိုး ရိတ်သိမ်းနိုင်ပြီဖြစ်လို့ ကျမ သိပ်ကိုပျော်နေပါတယ်။ သီးနှံတစ်မျိုး မအောင်ရင် ကျန်တဲ့ နှစ်မျိုး ရိတ်သိမ်းလို့ရသေးတယ် လေ။”  ပြီးခဲ့သည့်ရာသီအတွင်း ဖြစ်ထွန်းခဲ့သည့် မျိုးစေ့များကို ဂုဏ်ယူစွာဖြင့် ပြသလျက် ဒေါ်ဝင်းမေက ပြောသည်။

သူမ ယာထွက်သီးနှံအများစုကို ရောင်းချပြီးသည့်အပြင် အရည်အသွေးမြင့်မျိုးစေ့အချို့ကိုလည်း ရွာမှသူမ၏ယာစိုက်ဖက်များအား ဝေငှပေးကာ လာမည့်ရာသီအတွက် မျိုးစေ့လှောင်ထား နိုင်သည်။

ဘေးအန္တရာယ်အလားအလာ တခုထက်မကများလာခြင်း

ရေရှည်တည်တံ့အောင်စီမံခန့်ခွဲနိုင်မည့် သဘာဝသယံဇာတနယ်မြေများအား ကျေးရွာက ထိန်းသိမ်းနိုင်စေရေးအတွက် ဤကြိုးပမ်းအားထုတ်မှုများက အကျိုးဆောင်ပေးသည့်အပြင် အလွန်လိုအပ်နေသည့် ဝင်ငွေရပေါက်ရလမ်းများဖန်တီးပေးခြင်းမှတဆင့် နွမ်းပါးချို့တဲ့သူများ၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများအား တိုးတက်ပြောင်းလဲစေခဲ့ပြီးဖြစ်သည်။

မိုးခေါင်ရေရှားဒဏ်ခံသီးနှံမျိုးကွဲများ နှင့် မတူကွဲပြားသောစိုက်ပျိုးရေးအလေ့အကျင့်များ ၊ မိုးခေါင်ရေရှားခြင်းအားမမှုသော မွေးမြူရေးတိရစ္ဆာန်မျိုးစိတ်များ နှင့် တိရစ္ဆာန်မွေးမြူရေး နည်းစနစ်များအပါအဝင် စီမံချက်မှရရှိသည့်အထောက်အပံ့များဖြင့် လယ်ယာမဲ့များနှင့် အပယ်ခံအိမ်ထောင်စုများ၏ ဝင်ငွေ သိသိသာသာတိုးတက်လာခဲ့ပြီးဖြစ်သည်။

ရာသီဥတုဒဏ်ခံ စိုက်ပျိုးရေးအလေ့အကျင့်များနှင့်စပ်လျဉ်းသည့် ကြားဝင်ဆောင်ရွက်ပေးမှု၏ အကျိုးကျေးဇူးကို အိမ်ထောင်စု ၃၁၀၈၅ က လည်းကောင်း ရာသီဥတုဒဏ်ခံတိရစ္ဆာန်များ မွေးမြူရေးအလေ့အကျင့်များနှင့် စပ်လျဉ်းသည့် ကြားဝင်ဆောင်ရွက်ပေးမှု၏ အကျိုးကျေးဇူးကို အိမ်ထောင်စု ၇၂၄၇ တို့ကလည်းကောင်း အသီးသီးရရှိခဲ့သည်။
 

“စီမံချက်ကပေးတဲ့ သီးပင် အပင်ပေါက်တွေဖြစ်တဲ့ သင်္ဘော ၊ သရက် ၊ စန္ဒကူး ၊ မာလကာ ၊ မြေပြန့်ချယ်ရီပင် (glyricidia) နဲ့ သံပုရာပင်တွေက အခု အပွင့်စထွက်နေကြပြီ။ ဒီအပင်တွေကို ရောင်းချပြီး အပိုဝင်ငွေရှာရမယ်”

- မြင်းခြံမြို့နယ် ၊ မန်ကျည်းစုကျေးရွာမှ ဦးဖိုးတုတ်


မိုးလေဝသ ၊ ရာသီဥတု ၊ တောင်သူလယ်သမားများ

တောင်သူလယ်သမားများအတွက် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေနိုင်စွမ်းသည် ဘေးအန္တရာယ်အလားအလာများအား စီမံခန့်ခွဲခြင်းပင်ဖြစ်သည်။ ရာသီဥတုဘေးကျရောက်မှု အလားအလာဆိုင်ရာ သတင်းအချက်အလက်များ ဝေမျှခြင်းကို တိုးတက်လာစေရန် စီမံချက်က လုပ်ဆောင်ပြီးဖြစ်သည်။

ဘေးအန္တရာယ် အလားအလာ စီမံကိန်းရေးဆွဲခြင်း ၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်းဆိုင်ရာ နယ်မြေခံအဖွဲ့များ အားကောင်းလာစေခြင်း ၊ မိုးလေဝသခန့်မှန်းချက်များနှင့် ထူးခြားဖြစ်စဉ်များနှင့် ပတ်သက်ပြီး အဆောတလျင်သတိပေးချက်ကို ဖြန့်ဝေရာတွင် ဒီဂျစ်တယ်နည်းပညာအသုံးပြုမှု တိုးတက်လာစေခြင်းဖြင့် အညာတောင်သူများမှာ ယခုအခါ အရည်အသွေးမြင့်မိုးလေဝသခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီ ရရှိနေပြီဖြစ်သည်။

“ပြီးခဲ့တဲ့သီတင်းပတ်က ကျတော်တို့နယ်မှာ မိုးရွာသွန်းမှုပုံမှန်မဟုတ်ဘူး။ မိုဘိုင်းလ် အက်ပလီကေးရှင်းကနေ သတိပေးမှုကို ကျတော်လက်ခံရရှိတာနဲ့ တပြိုင်နက် ကျတော့်ရွာက တောင်သူတွေထံ အသံချဲ့စက်ကနေ ကြေညာပေးခဲ့ပါတယ်။ အဲဒီအချိန်က တောင်သူတွေက မြေပဲရိတ်သိမ်းနေချိန်ဖြစ်တဲ့အတွက် မြေပဲမပျက်စီးအောင် သူတို့ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။” ဦးလှတိုး ၊ ညောင်ဦးမြို့နယ် ၊ ရွှေကဗြုကျေးရွာအုပ်ချုပ်ရေးမှူး

ဦးလှတိုး

ညောင်ဦးမြို့နယ် ၊ ရွှေကဗြုကျေးရွာ ၊ ကျေးရွာအုပ်ချုပ်ရေးမှူး


တောက်ပတဲ့ အနာဂတ်

မိုးခေါင်ရေရှားမှုမြင့်တက်လာခြင်း ၊ မိုးလေမမှန်ခြင်းတို့ကြောင့် မြန်မာပြည် အညာတောင်သူများ ထိခိုက်နစ်နာလွယ်နေခြင်းကို အထက်ပါလုပ်ငန်းများလုပ်ဆောင်ခြင်းဖြင့် စီမံချက်က လျော့ချ ပေးလျက်ရှိသည့်အပြင် အနာဂတ်ကာလ ရာသီဥတုပြောင်းလဲမှု၏ စားနပ်ရိက္ခာဖူလုံမှုအပေါ် အကျိုးဆက်များနှင့်စပ်လျဉ်းသည့် ၎င်းတို့၏ ကြိုတင်ပြင်ဆင်တုံ့ပြန်နိုင်စွမ်းကိုပါ မြှင့်တင် ပေးလျက်ရှိသည်။

ဗဟုသုတဝေမျှရာ နေရာ ၊ အောင်မြင်သည့်ကြားဝင်ဆောင်ရွက်မှုများအား ဆင့်ပွါးကူးယူ ဆောင်ရွက်နိုင်ရန်အခြေခံများ ပံ့ပိုးပေးခြင်းဖြင့် အနီးဝန်းကျင်မြို့နယ်များအားလည်း စီမံချက်လုပ်ငန်းများက အကျိုးပြုလျက်ရှိသည်။

အနီးအနားပတ်ဝန်းကျင်မှ တောင်သူများကလည်း စီမံချက်နေရာများသို့ လာရောက်၍ မြေဆီလွှာနှင့် ရေထိန်းသိမ်းရေးနည်းပညာများအပါအဝင် ရာသီဥတုဒဏ်ခံ စိုက်ပျိုးရေးအလေ့အကျင့်များကို လေ့လာကြပါတယ်။

ဈေးကွက်တွင်းဝင်ရောက်နိုင်ရေး နှင့် စိုက်ပျိုးရေး တန်ဖိုးကွင်းဆက်အတွင်းရှိ လစ်ဟာချက်များ ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းပေးမည့် အနာဂတ်စီမံချက်များအား ပါဝင်သူများအနေဖြင့် ဒီဇိုင်းရေးဆွဲနိုင်အောင် ဤစီမံချက်လုပ်ငန်းများ၏ အောင်မြင်မှုက ရှေ့ဆောင်ပေးသွားမည် ဖြစ်သည်။ တောင်းဆိုမှု/ဝယ်လိုအားများသော စိုက်ပျိုးရေး တန်ဖိုးကွင်းဆက်အတွင်းရှိ လုပ်ငန်းအငယ်စားများ ထူထောင်ရာတွင် လက်ရှိလုပ်ဆောင်မှုပေါ်ဆင့်ပွါး၍ စီမံချက်အသစ်က ပံ့ပိုးပေးမည်ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လက်လှမ်းမီနိုင်မှု နှင့် ဘဏ္ဍာရေးနှင့်ချေးငွေ ရနိုင်မှုတို့အား ပေါင်းစပ်မြှင့်တင်ပေးမည်ဖြစ်သည်။ ထိုနည်းတူ ပုဂ္ဂလိကကဏ္ဍနှင့် ချိတ်ဆက်ပေးခြင်းဖြင့် စီးပွါးရေးလုပ်ငန်းပျိုးထောင်ပေးခြင်း အထောက်အပံ့ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ ကာဗွန် ထုတ်လွှင့်မှု လျော့ချနိုင်ရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များနှင့် လိုက်လျောညီထွေနေနိုင်ရေးအတွက် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှင့်မှု နိုင်ငံအလိုက် ဆုံးဖြတ်လျော့ချရေး မြန်မာနိုင်ငံ၏ ပူးပေါင်းပါဝင်မှု (Nationally Determined Contribution) အပါအဝင်  ပဲရစ်သဘောတူညီချက်ဆိုင်ရာ မြန်မာနိုင်ငံ၏ ကတိကဝတ်များအား ဖြစ်မြောက်စေရာတွင် ရာသီဥတုပြောင်းလဲမှုအား တုံ့ပြန်ဆောင်ရွက်မှု နှင့် ကြံ့ကြံ့ခံနိုင်စွမ်း ပျိုးထောင်ပေးမှုဆိုင်ရာ ကြိုးပမ်းမှုများက အကူအညီဖြစ်စေမည်။

ဤအစပျိုးလုပ်ဆောင်မှုများက စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ ရရှိရေး မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ရှေ့ရောက်စေမည်ဖြစ်သည်။ SDG 1 ဆင်းရဲနွမ်းပါးမှုပပျောက်ရေး(link is external) SDG2 ငတ်မွတ်ခေါင်းပါးမှုမရှိရေး ၊ (link is external)SDG3 ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး ၊ (link is external)SDG6 သန့်ရှင်းရေးသော သောက်သုံးရေနှင့် မိလ္လာစနစ် ရရှိရေး ၊ (link is external)SDG 13 ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး (link is external)နှင့် SDG 15 မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး(link is external)များအား ဆောင်ရွက်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများအား စီမံချက်က ပံ့ပိုးပေးခဲ့သည်။

ဤစီမံချက်နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်ပိုသိလိုပါလျှင် - “မြန်မာပြည်အပူပိုင်းဒေသရှိ ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ ဘေးအန္တရာယ်အလားအလာများအား ဖြေရှင်းဆောင်ရွက်ခြင်း”(link is external)

မြန်မာနိုင်ငံတွင်းရှိ UNDP ၏ လုပ်ငန်းအကြောင်း သတင်းအချက်အလက် ပို၍သိရှိလိုပါက - UNDP မြန်မာ(link is external)

စာမျက်နှာအောက်ခြေမှတ်ချက် - အန်ဒရေယာ အီဂန် ၊ ကာမာလော့ဒီရက်ပ်တန်တို့၏ ဇတ်လမ်းပုံဖော်မှု / ဓါတ်ပုံများ - အန်ဒရေယာ အီဂန် /UNDP မြန်မာ နှင့် UNDP မြန်မာ

 စစ်ကိုင်း ၊ မန္တလေး နှင့် မကွေးတိုင်းဒေသကြီး။ (link is external) မြန်မာနိုင်ငံ